Saturday, October 15, 2011
Friday, October 14, 2011
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။

သုံးဆယ့်ရှစ်ဖြာမင်္ဂလာ
၁။ လူဆိုး လူမိုက်တို့ကို မမှီဝဲ မပေါင်းသင်းခြင်း။
1. Not to associate with fools.
၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်း။
To associate with wise.
၃။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း။
3. To honour those-worthy of honour.
၎။ သင့်လျော်သော အရပ် နေခြင်း။
4. To live in suitable region.
၅။ ရှေး ပြုဖူးသော ကောင်းမှုအထူး ရှိခြင်း။
5. To have accumulated on oneself.
၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
6. To be rightly concentrated on oneself.

၀၇/၁၀ /၂၀၁၁ အလှူ
လေးစားရပါသော GCF ရွှေညီအကိုများခင်ဗျား..
(၀၇/၁၀ /၂၀၁၁) နေ့ တွင် ကောက်ခံရရှိသော အလှူငွေ ၁ သိန်း ၃ သောင်းကျပ် (၁၃၀၀၀၀)အား
ပြည်မြို့ သီရိခေတ္တရာဘိုးဘွားရိပ်သာ မှ သက်ကြီးရွယ်အိုများအား သွားရောက်လှူဒါန်းခဲ့ပါသည်။
GCF ရွှေညီအကိုများ တရက်ရင်းဂစ် ပြား(၂၀)အလှူလေးအား ၀မ်းမြောက်စွာသာဓုခေါ်ဆိုနိုင်ကြပါစေ။
မှတ်တမ်းတင် ဓါတ်ပုံများ အောက်မှာကြည့်ရှု့ပါရန်...

Tuesday, October 11, 2011
အဘိဓမ္မာ အခါတော်နေ့
ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက
ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ
အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက်
ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ
မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း
ဖြစ်ပါတယ်။

Sunday, October 9, 2011
ဆုံးမစာ
အောင်မြင်မှုဆိုတာထက်
လောကမှာ
အသုံးဝင်တာကပဲ
ပိုအရေးကြီးပါတယ်။
အချိန်နဲ့ မိဘမေတ္တာဟာ
အလကားရပြီး
တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။
စနစ်တကျ
မှန်မှန်ကန်ကန်
သတိ ၀ီရိယနဲ့
တကယ်ကြိုးစားနေတဲ့သူအတွက်
နေ့တိုင်းဟာ
ရက်ရာဇာပါပဲ။
"စိတ်ပျက်လိုက်တာ" လို့
မပြောပါနဲ့၊
ပျက်သွားတဲ့ စိတ်ပျက်က
ဖြစ်ပြီးကတည်းက
ပျက်ပြီးနေပါပြီ။
လောကမှာ
အသုံးဝင်တာကပဲ
ပိုအရေးကြီးပါတယ်။
အချိန်နဲ့ မိဘမေတ္တာဟာ
အလကားရပြီး
တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။
စနစ်တကျ
မှန်မှန်ကန်ကန်
သတိ ၀ီရိယနဲ့
တကယ်ကြိုးစားနေတဲ့သူအတွက်
နေ့တိုင်းဟာ
ရက်ရာဇာပါပဲ။
"စိတ်ပျက်လိုက်တာ" လို့
မပြောပါနဲ့၊
ပျက်သွားတဲ့ စိတ်ပျက်က
ဖြစ်ပြီးကတည်းက
ပျက်ပြီးနေပါပြီ။
ယဉ်ကျေးလိမ္မာ ဆုံးမစာ
၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာ မိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။
၃။ မိဦး ဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ ကိုယ်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါ-ဟူ၍ မပြောနဲ့။
၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့။
၇။ ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့။( မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့၊ )။
၈။ ထမင်းစားရာ၊ တစာစာ၊ များစွာစကား မပြောနဲ့။
၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစာကွဲ့ ဖိတ်စေနဲ့။
၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။

Subscribe to:
Posts (Atom)