Monday, December 26, 2011


သောက်လက်စ ကော်ဖီခွက်ထဲ က ကဗျ

(၁)

ရေးလက်စတွေ ခဏခေါက်ထားလိုက်တယ်။
သောက်လက်စကော်ဖီခွက်ကို ချပြီး ဖတ်လက်စ ကဗျာကိုပဲ ဆက်ဖတ်မိတယ်။ ''ညီလေး ဖတ်ဖို့ '' ဆိုပဲ။


ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။ 

Friday, December 9, 2011

လေးစားရပါသော GCF ရွှေညီအကိုများခင်ဗျား..

(၀၇/၁၁ /၂၀၁၁) နေ့ တွင် ကောက်ခံရရှိသော အလှူငွေ ၁ သိန်း ကျပ် (၁၀၀၀၀၀)အား
လူမှု့ဝန်ထမ်းဦးစီးဌာန မျက်မမြင်ကျောင်း ကြည့်မြင်တိုင်မြို့နယ် အားသွားရောက်လှူဒါန်းခဲ့ပါသည်။


GCF ရွှေညီအကိုများ တရက်ရင်းဂစ် ပြား(၂၀)အလှူလေးအား ၀မ်းမြောက်စွာသာဓုခေါ်ဆိုနိုင်ကြပါစေ။

မှတ်တမ်းတင် ဓါတ်ပုံများ အောက်မှာကြည့်ရှု့ပါရန်...